Sunday, August 9, 2015

ဂွဒ်​နိုက်

ဂွဒ်နှိုက်

မြောက်ဘက်ကြည့်တော့ နံရံ
တောင်ဘက်ပြန်တော့ စာအုပ်
အပေါ်မော့တော့ ထုပ်တန်း
ကျောရဲ့အောက်က ကြမ်းပြင်
အဆောင်ငယ်တွင် တစ်ယောက်ထဲ
ကာယဝိဝေကတော့ ဖြစ်ပြီပဲ ဆိုပါစို့။

စိတ်ထဲသို့ လှမ်းကြည့်သောခါ
မနောမှာ အတွေးတွေနှင့်
သူတစ်ခါ ငါတစ်လှည့် ဝင်နေကြ
စိတ္တဝိဝေကတော့ မဖြစ်နိုင်ပြီ။

အတွေးအမျှင်တွေကို ဖြတ်တောက်
ရှုမှတ်မှုတွေကို ရှေ့ ပို့
အားလုံးတို့ အနယ်ထိုင်ချိန်မှာ
ကိုယ့်ကိုယ်ကို မြင်သာသလိုရှိပြီး
အတွေးအိပ်မက်ကြီး ပြီးဆုံးနိုင်စေ
စိတ်မောဟိုက်တာတွေ ချုပ်ငြိမ်းစေသား
ကိုယ်+စိတ်နှစ်ပါး အနားရစိမ့်သောငှါ
ညအခါ အနားပေးကြပါနော်။ ။
အားလုံးပဲ - တကယ့် အကောင်းဆုံး
ဂွဒ်နိုက်ဖြစ်စေသောဝ်။ ။ ။

သုခိတာ ဟောထ
(နီဖာဖြား)
9.8.2015

posted from Bloggeroid

Friday, August 7, 2015

ကံ့ကော်ပန်းရဲ့  သင်္ခါရ

ကံ့ကော်ပန်းရဲ့  သင်္ခါရ
***
လေညင်းလေးက
တံခါးကို အသာတွန်းဖွင့်
မဝံ့တဝံ့သင်းပျံ့ လာတာ
ကံ့ကော် ပန်းရနံ့ပါ။

အသေအချာ အကဲခတ်တော့
ပင်အောက်မှာ ပွင့်လွှာတွေကြဲ
ဝဿာန်လေ မာန်မျက်ဆွေ
အဝှေ့ကြောင့် သူကြွေရရှာ။

လရောင်ဟာ မှောင်မဲမဲ
တိမ်တိုက်ဟာ အငြိုးနှင့်ဆဲ
လမ်းကလဲ ရွှံ့ ဗွက်အပြည့်ပါ
အပြန်လမ်းမှာ။

သူလိုရာ သူသာရွေးပါစေတော့
ဇဝေဇဝါ အခြေမှာ
သွားမတားပါနဲ့
သင်္ခါရဗျာ ဘာမှစွဲမရဘူး
ကိုယ့်နေရာ
ကိုယ်သာပြန်လာပြီး
နှလုံးသားလေး
လှုပ်မနိုးခင် အချိန်လေးတင်။

ပွင့်နေတဲ့
တံခါး ပြန်စေ့ချင်ဇောနှင့်
အားအင်နဲနဲလွန်သွားသလား
တံခါးပိတ်သံ
မြည်ဟည်းလိုက်ပုံက
'' ဂျိမ်း '' ကနဲပါတဲ့လေ။ ။

သုခိတာ ဟောထ
(နီဖာဖြား)
29.6.2015

posted from Bloggeroid

သုံးရာသီမေ့ သောကများ

သုံးရာသီမေ့ သောကများ
*
မိုးရွာထဲမှာ ဖြတ်လျှောက်ပါလဲ
ရင်မှာ သောက ပူလွန်းလှ၍
မိုးစက်ကလေး ဘယ်သို့ အေးတယ်
မသိနိုင်ဘူး သိနိုင်ဘူး။

ဆောင်းလတွေမှာ ချမ်းအေးပါလဲ
ရင်မှာဒုက္ခ ပူလုံးကျွ၍
ဆောင်းလကလေး ဘယ်သို့အေးတယ်
မသိနိုင်ဘူး သိနိုင်ဘူး။

နွေလဂိမှာန် ရောက်လာပြန်လဲ
ဒီရင်ထဲက ပူကဲလို့သာ
ရှိနေတာမို့ နွေနေအပူက
ဘယ်သို့မျှဟု
သိနိုင်ပြန်ဘူး သိနိုင်ဘူး။

သုံးလရာသီ အချိန်မီအောင်
အပူဆောင်ထား အို လူသားတို့
တရားရေစင် အေးကြည်လင်လှ
ခပ်သောက်ကြစို့
ဒါမှ အေးမယ် ရင်တွင်းဝယ်။ ။

သုခိတာ ဟောထ
(နီဖာဖြား)
29.7.2015

posted from Bloggeroid

ခယ၀ယ

ခယဝယ

စေတနာကို လမ်းခင်း
ဝေဒနာကို ပွေ့ဖက်ရင်း
လောကဓံ ညှင်းသမျှကိုလေ။

မှန်ရိပ်တွင် ကိုယ့်ရုပ်သွင်ပြန်ကြည့်
အိုမင်းဘိ တစ်နေ့တခြားမသွေ။

ဇာတိအခြေတည်လို့
ဇရာမြေ လှမ်းအနင်းမှာ
အထီးကျန်ခြင်းက ခံစားချက်
တစ်ခုလေလား?

ကုန်သွားတဲ့ ခယဓမံ္မ
ပျက်ချိန်တန် ဝယဓမ္မော
ဒီသဘော စစ်ကြောနေမိစဉ်။

ဥာဏ်အလျဉ် ဘယ်လိုယှဉ်သော်လဲ
ဝဋ်တွင်းတွင် ကျင်လည်တင်နေဆဲ
ဝမ်းတွင်းအသိက မရင့်သေးပဲကို။

ပေးစရာရှိတာပေး စွန့်စရာရှိတာစွန့်
လက်မတွန့် စွန့်ဝံ့သူမှာ
လွတ်လမ်းက အနောက်မှာသေချာ။

ဒေသနာ ရင်မှာ ပွေ့ပါလို့
နိဗ္ဗူတာ တက်ကာလှမ်းနိုင်ဖို့
ကုန်ခြင်းမှာ သဘောပါနိုင်စေ ဒို့
ရှုမှတ်စို့ အရှိတရားကိုလေ။

သုခိတာ ဟောထ
(နီဖာဖြား)
31.7.2015

posted from Bloggeroid

သဘာဝပတ်​၀န်းကျင်

သဘာဝပတ်ဝန်းကျင်
**
သစ်တောတွေ ပြုန်းတီးတော့
ဟန်ချက်ချက်က ဘယ်မညီ။
ဤကမ္ဘာ ဂေဟစနစ်
အသွင်သစ် လှစ်ပြနေပြီ။
ဒုက္ခများ ဖြစ်ဖို့ရန်သည်
အချိန်မီ တွေးဆလို့ထား။
သစ်ဝါးနှင့် ပတ်ဝန်းကျင်ကိုဖြင့်
အားသစ်သွန် ပြန်လည်စိုက်မယ်ဆို
်ပြန်ကောင်းနိုင်မလား။ ။

သုခိတာ ဟောထ
(နီဖာဖြား)
1.8.2015

posted from Bloggeroid

ဒုက္ခကိုယ်​စီ


ဒုက္ခကိုယ်စီ
***********
အတိတ်က အတွေးတွေဟာ
လက်တွေ့မှာ အလွန်ကွာခြား။
အနာဂတ်အတွက် ဆက်တွေးမလားး
တစ်ထပ်ထဲကျဖို့တော့ မလွယ်ကူပါ။
ကိုယ့်ဒုက္ခလဲ သူနားမလည်သာ
ဘဝဆိုတာ ကိုယ့်စီကိုယ်ငှ။
ဖေးမဖို့တော့ ဘယ်တွေးမလဲ
ဒေါက်ဖြုတ်ဖို့ပဲ တာဆူနေမှာ။
အတွေးဆိုတာ မနောသမ္ဖဿဇ
သဘာဝက အရိပ်လိုပဲ။
ဖျက်ကနဲ ပေါ်ပေါ်လာပြီး
ရုပ်ချည်းပြန်ုပြန်ပျောက်ရှကုန်။
ဒါတွေ မဖြုန်အောင်တော့
ဒုက္ခကို ခါးကော့ ရင်ဆိုင်ရုံပဲလေ။ ။

သုခိတာ ဟောထ
(နီဖာဖြား)
2.8.2015

Thursday, August 6, 2015

´´သူ´´ ဆိုတာ


´´သူ´´ ဆိုတာ
*************
ကြည်ညိုဖွယ်ဖြစ်စေတော့ကွယ်
ဣနြေ္ဒဆယ်နေရသော်ငြား
လိုအပ်ရင် စွန့်ထားရစ်ဖို့
နှလုံးသားတစ်စုံ အသင့်ရှိနေ သူ။

အပူဆိုတာ မကိန်းအောင်ပေါ့
လှူသမျှနှင့်သာ နှစ်သိမ့်သော်ငြား
လိုအပ်ရင် ဝေငှသွားဖို့
စိတ်ခွန်အားတို့ အမြဲထက်သန် သူ။

မတည်မြဲတဲ့ လောကဓမ္မတာ
စာပေမှာ အညွန်းပြကိန်း
ခန္ဓာမှာ မစိမ်းလောက်ဘူး
ဖြစ်ပျက်မသိမ်းနိုင်သ၍
ဒုက္ခတွေ့ကြရအုံးမည်ကို
ဝမ်းဝယ်သို သိနှင့်နေ သူ။

ပြည်သူတွေ ရေဘေးကြုံတော့
ရင်ဝယ်ဆူ ကရုဏာတွေက
အိပ်ရာမှ နိုးထလာသလို
မေတ္တာကို ရှေ့တန်းတင်ရင်း
တံတားခင်း ဆန်အိတ်တွေသယ်
သဲအိပ်ရယ် အထပ်ထပ်ကာပြီး
ချွေးဒီးဒီး ဘယ်သို့ပင် ယိုဖိတ်
ပရိတ်တရားပါ ရွတ်ပွါးပေးနေ သူ။

နှလုံးသားကို တန်းတူထားလို့
ကူညီကာ ခံစားပေးပြီး
ကိုယ်ချင်းစာ စေတနာတွေရဲ့
ပုံရိပ်ဟာ မမေ့သာနိုင်
ဖန်ဝါဝါ မြတ်သင်္ကန်းတော်ဖြင့်
ဆင်မြန်းသူ ရှင်ရဟန်းပါတဲ့နော်။ ။

သုခိတာ ဟောထ
(နီဖာဖြား)
6.8.2015