Tuesday, August 4, 2015
သိပ်သိပ်ချစ်
သိပ်သိပ်ချစ်
***********
ငါ့တိုင်းပြည်ကို ငါချစ်သည်
ဒါပေမယ့် ရေတွေလွှမ်းနေပြီ။
ငါ့တိုင်းပြည်ကို ငါချစ်သည်
မဆိုးဘူး စည်းလုံးကူညီနေကြသည်။
ငါ့တိုင်းပြည်ကို ငါချစ်သည်
အရေးကြီး သွေးနီးပုံများတစ်လီ။
ငါ့တိုင်းပြည်ကို ငါချစ်သည်
ကူဖေးမ ချစ်စရာ့စိတ်ဓါတ်တွေအတည်။
ငါ့တိုင်းပြည်ကို ငါချစ်သည်
ဒီရေများ ပြန်ကျပါစေ ဆုချွေမည်။
ငါ့တိုင်းပြည်ကို ငါချစ်သည်
ကြင်နာခြင်း ရဲရင့်ခြင်းများနှင့် ပြည့်စုံညီ။
ငါ့တိုင်းပြည်ကို ငါချစ်သည်
ဖြူစင်ခြင်း ရိုးသားခြင်းတို့ စာဖွဲ့မမီ။
ငါ့တိုင်းပြည်ကို ငါချစ်သည်
သိပ်သိပ်ချစ် သိပ်ချစ်ရပါသည်။ ။
သုခိတာ ဟောထ
(နီဖာဖြား)
4.8.2015
Subscribe to:
Post Comments (Atom)
No comments:
Post a Comment