Tuesday, August 4, 2015

ဟူးးးးးးး


ဟူးးးးးးးးးး
**********
အာရုံတွေ သိပ်နှောက်လွန်းချိန်
တာဝန်တွင် မကျေပွန် လစ်ဟင်း
အပြစ်တင်ခြင်းလဲ ခံရတော့မှာပေါ့လေ။

အဆင့်မသင့်ခဲ့၍ မမျှော်လင့်ပဲ
ပျက်ကွက်ခဲ့တာ ငါ့ကိုငါလဲ ဝန်ခံတယ်ပေါ့။

အပြစ်တင်တာ သိပ်ကိုတိကျ
အပြစ်တင်တာ ထိမိလှတော့
စောင်ထဲမှာ လေလည်မိသလို
ရှောင်ဖယ်ဖို့ မဖြစ်နိုင်တော့ဘူး
ကိုယ့်ရှူးနှင့်ကိုယ် ပက်မိသ​လိုပေါ့။

ကိုယ်ကျိုးအတ္တ မပါတဲ့
လုပ်ငန်းစဉ်တွေမှာ
ဒဏ်ရာဟာ တစ်သက်တာ ယူမသွားချင်ဘူး
ဘာမှမထူးတဲ့ ဒီပြဇာတ်တွေထဲ
ပါဝင်သရုပ်ဆောင်မိတာကိုက
ငါ့ရဲ့ ဝဋ်ကြွေးဟောင်းပါပဲလေ။ ။

သုခိတာ ဟောထ
(နီဖာဖြား)
5.8.2015

No comments:

Post a Comment