Monday, August 3, 2015

သံသယသ​န္ဓေသားများ


သံသယသန္ဓေသားများ
*************
ကမ္ဘာပျက်မှ ငရဲပြောင်းခံရလေ့ရှိပေမယ့်
ကမ္ဘာမပျက်ပဲ ငရဲပြောင်းခံနေရသလို
ဒီအမှောင် ဝဋ်ဆင်းရဲတွေထဲ
မမျှော်လင့်ပဲ ကျရောက်ခဲ့ရတယ်။

မစဉ်းစားထားပေမယ့်
မဆိုးလောက်ပါဘူးဆိုတဲ့
ပေါ့တန်တန်အတွေးတွေဟာ
ခုတော့ ပြောင်းပြန်လှန်ပစ်ကုန်ပြီ။

သံသယတွေကို ပါးပါးနွှာပြီး
စက္ကူစလို ကြိတ်ချေပစ်ဖို့
ကိုယ့်စိတ်ကို အမိန့်ပေးနေမိချိန်
ညင်သာတဲ့အပြုံးနောက်က
ဖြူလွလွအစွယ်တစ်ချောင်း
ကောင်းကောင်းကြီးမြင်လိုက်ရစဉ်မှာတော့
သံသယသန္ဓေသားများ ပေါက်ဖွားနှုန်း
မြင့်တက်ခဲ့ရချေတကား။ ။

သုခိတာ ဟောထ
(နီဖာဖြား)
3.8.2015

No comments:

Post a Comment