Thursday, August 6, 2015
´´သူ´´ ဆိုတာ
´´သူ´´ ဆိုတာ
*************
ကြည်ညိုဖွယ်ဖြစ်စေတော့ကွယ်
ဣနြေ္ဒဆယ်နေရသော်ငြား
လိုအပ်ရင် စွန့်ထားရစ်ဖို့
နှလုံးသားတစ်စုံ အသင့်ရှိနေ သူ။
အပူဆိုတာ မကိန်းအောင်ပေါ့
လှူသမျှနှင့်သာ နှစ်သိမ့်သော်ငြား
လိုအပ်ရင် ဝေငှသွားဖို့
စိတ်ခွန်အားတို့ အမြဲထက်သန် သူ။
မတည်မြဲတဲ့ လောကဓမ္မတာ
စာပေမှာ အညွန်းပြကိန်း
ခန္ဓာမှာ မစိမ်းလောက်ဘူး
ဖြစ်ပျက်မသိမ်းနိုင်သ၍
ဒုက္ခတွေ့ကြရအုံးမည်ကို
ဝမ်းဝယ်သို သိနှင့်နေ သူ။
ပြည်သူတွေ ရေဘေးကြုံတော့
ရင်ဝယ်ဆူ ကရုဏာတွေက
အိပ်ရာမှ နိုးထလာသလို
မေတ္တာကို ရှေ့တန်းတင်ရင်း
တံတားခင်း ဆန်အိတ်တွေသယ်
သဲအိပ်ရယ် အထပ်ထပ်ကာပြီး
ချွေးဒီးဒီး ဘယ်သို့ပင် ယိုဖိတ်
ပရိတ်တရားပါ ရွတ်ပွါးပေးနေ သူ။
နှလုံးသားကို တန်းတူထားလို့
ကူညီကာ ခံစားပေးပြီး
ကိုယ်ချင်းစာ စေတနာတွေရဲ့
ပုံရိပ်ဟာ မမေ့သာနိုင်
ဖန်ဝါဝါ မြတ်သင်္ကန်းတော်ဖြင့်
ဆင်မြန်းသူ ရှင်ရဟန်းပါတဲ့နော်။ ။
သုခိတာ ဟောထ
(နီဖာဖြား)
6.8.2015
Subscribe to:
Post Comments (Atom)
No comments:
Post a Comment